အုတ်ဖို ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အခြေခံပညာကျောင်းပေါင်းစုံ ထက်/လယ် အဆင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲကို မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်နှင့် ပညာရေးဝန်ထမ်းဆရာ ဆရာမများက ဒိုင်များအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး အားကစားနည်း (၁၁) မျိုးဖြင့် ကျောင်းပေါင်းစုံ ထက်/လယ်အဆင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။
ဆုချီးမြှင့်ပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းလွင် ၊ မြို့နယ်အားကစားမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများက ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယ ဆုများရရှိသော ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)