သနပ်ခါးကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် တန်ဖိုးထား ထိန်းသိမ်းစေချင်
Dec 25,2021
သနပ်ခါးကို ကလေးကအစ ဘိုးဘွားများအထိ လိမ်းကြံခြယ်သ အသုံးပြုကြသော ပစ္စည်းတစ်မျိုးဖြစ်သည်။ အထူးသဖြင့် မြန်မာအမျိုးသမီးများသည်။ သနပ်ခါးကို မခုံမင်မနှစ်သက်သူ ရှားပေလိမ့်မည်။ ဖွံ့ဖြိုးတိုးတက် သော နိုင်ငံများမှ ယခုခေတ်ပေါ် အလှကုန်ပစ္စည်း ကိရိယာများ အဆန်းအပြားများစွာ ဘယ်လောက်ပင် ဝင်ရောက်စေကာမူ မြန်မာ့သနပ်ခါး ကိုတော့ ကွယ်ပျောက် သွားအောင် စွမ်းဆောင်နိုင်အုံးမည် မဟုတ်ပေ။