သတင်းများ

နမ္မတူမြို့နယ်၌ စိတ်ကျန်းမာရေး စောင့်ရှောက်ရေး ဆွေးနွေးဆောင်ရွက်
Dec 30,2021
နမ္မတူမြို့နယ် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းနှင့် ကရုဏာအဖွဲ့အစည်း (လားရှိုး) တို့ ပူးပေါင်း၍ စိတ်ကျန်းမာရေးစောင့်ရှောက်ရေး ဆွေးနွေးပွဲကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည်။
ဝါးခယ်မမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁‌၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် သံကြိုးတိုင် အ.မ.က (မူလွန်)ကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ
Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝန်း အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပွင့်ဖြူ၌ ကျေးလက်နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မုန်းချောင်းအား ယာယီဝါးတံတား စုပေါင်း၍ ဆောက်လုပ်
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းအနောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့၊ အမေထွား (ပဲဆီသန့်) မိသားစုက ငွေအကုန်အကျခံ၍ ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့် ဒေသခံ ကျေးလက်နေ ပြည်သူများ စုပေါင်းပြီး ဒီဇင်ဘာ ၂၆ ရက် နေ့က စတင်၍ ယာယီဝါးတံတား ဆောက်လုပ်လျက်ရှိရာ ယခုအခါ အဆိုပါ တံတားဆောက်လုပ်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောက်လုပ် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင် ထံမှ သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 30,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင် အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် တစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းလုပ်ကိုင်ခြင်းမှ တိုးချဲ့လုပ်ကိုင်လာ
Dec 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရှမ်းစုရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် မုန့်အမျိုးမျိုး ပြုလုပ်ရောင်းချခြင်းမှ အဆင်ပြေလျက်ရှိပြီး လုပ်ငန်းများ တိုးချဲ့၍လုပ်ကိုင် လျက်ရှိကြောင်း မုန့်လုပ်ငန်းရှင် မိသားစုများထံမှ သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Dec 30,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။