ကျောက်တလုံးကြီး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အား ကျောက်တလုံးကြီးမြို့၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ပြည်သူ့များထံသို့ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(၆)လပြည့် နိုင်ငံတော် တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏(၂၀-၁-၁၉၆၄) ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ လွတ်လပ်ရေးနေ့ဆိုင်ရာကဗျာ၊ ကာတွန်းနှင့် မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာဖော်ပြပါဝင်ပြီး အများပြည်သူ ကြည်ရှုလေ့လာနိုင်ရန် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မြဝင်း(ကျောက်တလုံးကြီး)