ကျိုင်းတုံမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြော၊ စာစီစာကုံးနှင့် အားကစားပြိုင်ပွဲများကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြော၊ စာစီစာကုံးနှင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက် က ကျင်းပသည်။

 (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ တွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြကာ အာကစားပြိုင်ပွဲ များတွင် မီတာ(၁၀၀)၊ ပူပေါင်းဖောက်၊ ဂုန်နီအိတ်စွပ်၊ လွန်ဆွဲ၊ အပ်နဖားထိုးပြိုင်ပွဲများပါဝင်ပြီး   အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊‌ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင် ကစားကြသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)