ဟိုင်းကြီးကျွန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ဟိုင်းကြီးကျွန်း ဇန်နဝါရီ    ၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပူပြင်းခြောက်သွေ့သောနွေရာသီရောက်တော့ မည်ဖြစ်၍   မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန် က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show  ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး  ဒေါ်နွေးနွေးအောင်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်  က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာ ဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန် (၄)ရပ်ကို ဦးတည်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့်လည်း ပူပြင်းခြောက် သွေ့သော နွေရာသီရောက်တော့မည်ဖြစ်၍   မီးဘေးလုံခြုံရေးအတွက် မီးချိတ်မီးကတ်၊ သဲ၊ ရေပုံး၊ မီးသတ်ဆေးဗူးများကို အိမ်တိုင်းတွင် ထားရှိရန်လိုအပ်ကြောင်း စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိူင်သည့် အကြောင်းအရာများကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြောင်းသိရသည်။


နွေးနွေးအောင်ကြွယ်