ဟင်္သာတ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် (၈)နာရီမှ စတင်ကာ မြို့ပေါ်ရပ်ကွက်များသို့ ခရိုင် ပြန်ဆက်ဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ တို့ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆက်လက် အသိပေး နိူးဆော် ကြေငြာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရန်အတွက် အတတ်နိုင်ဆုံး မိမိအိမ်တွင်သာနေ ထိုင်ကြရန်၊ ပြင်ပမှဧည့် သည်များလက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ပါက ပါးစပ်နှာခေါင်း စည်း(Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်၊လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊နှာခေါင်း စည်း (Mask)မတပ်ဆင်ထားသော သူများ နှင့်တွေ့ဆုံခြင်း စကားပြောခြင်း၊ဈေးဝယ်ခြင်းမှ ရှောင်ကြဉ် ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာတိုင်း နှာခေါင်းစည်း(Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ မိမိနေအိမ်တွင် သက်ကြီးရွယ်အိုများ ၊ဆီးချို သွေးတိုး နှလုံးရောဂါ အခံရှိသူများ ကို ရောဂါကူးစက်မူ မခံရအောင် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီး ကာကွယ်ဆေးထိုး လုပ်ငန်းများ တွင် ကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ၊ သတ်မှတ်စည်းကမ်းချက်များ အတိုင်း ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက်လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ကိုဇော်