ငရုတ်ကောင်း ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့တွင်ယာဥ္မတော်မဆမှုများကြောင့်ထိခိုက်သေဆုံးမှုများမရှိစေရေးအတွက် ဇန်နဝါရီ ၄ ရက်နေ့ နံနက်၁၀နာရီက မြို့အဝင်/အထွက်နှင့် လမ်းဆုံ၊ လမ်းခွများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။၊
အဆိုပါယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေရာသို့မြို့အုပ်ချုပ်ရေးမှူးဦးဇင်မြတ်မင်းထွဋ်၊ရဲတပ်ဖွဲ့စခန်းမှစခန်းမှူးရဲအုပ်ရဲမြင့်နှင့်တပ်ဖွဲ့ဝင်များ၊မြို့စည်ပင်သာယာရေးအဖွဲ့မှအမှုဆောင်အရာရှိဦးရဲထွန်းဦး၊မီးသတ်တပ်ဖွဲ့မှဒုလက်ထောက်ဦးစီးမှူးဦးသူရအောင်နှင့်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က မြို့အဝင်/အထွက်နှင့် လမ်းဆုံလမ်းခွနေရာများတွင် သွားလာနေကြသောခရီးသည်များ၊ကုန်တင်ယာဥ္မောင်းနှင်သူများ၊ ခရီးသည်မော်တော်ယာဉ်မောင်းနှင်သူများ၊သုံးဘီးဆိုင်ကယ်နှင့်ထွေလာဂျီယာဉ်မောင်းနှင်သူများသိရှိနိုင်ရန်အတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလက်ကမ်းစာစောင်တွင်ပါရှိသောယာဉ်မောင်းနှင်သူများ လိုက်နာရန်စည်းကမ်းမျာ းအကြောင်းအရာတို့ကို ရေးသားဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း