ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကျောက်မဲ ဇန်နဝါရီလ ၆

ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက်နေ့နံနက် ၉ နာရီ အချိန်မှစ၍  ကျောက်မဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အဆိုပါကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ ကျောက်မဲမြို့ပေါ်ရှိ ပိုက်ကျော်ခြင်း အသင်း ၂၇ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကာ ထုံးဖို(ဂ) အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ပြီး ထုံးဖို(က) အသင်းကဒုတိယဆု၊   ရွှေဖီမိုး 53-6  အသင်းကတတိယဆု ဟူ၍ ဆုများအသီးသီးရရှိခဲ့သည်။

အဆိုပါ ဆုရရှိခဲ့သည့် အသင်းနှင့် ကစားသမားတို့အား ကျောက်မဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက လည်ဆွဲဆုတံဆိပ်များနှင့်ဆုဖလားများအပြင် ပထမဆု ဆုရရှိခဲ့သည့်အသင်းအား ငွေကျပ် ၁၅၀၀၀၀-၊ ဒုတိယဆုရရှိခဲ့သည့် အသင်းအား ငွေကျပ် ၁၀၀၀၀၀-၊ တတိယဆုရရှိခဲ့သည့် အသင်းအားငွေ ၇၀၀၀၀-ကျပ်  ချီးမြှင့်‌ပေးခဲ့‌ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)