အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပထမနှစ်ဝက်စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ 

အိမ်မဲ ဇန်နဝါရီ ၆ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပထမနှစ်ဝက်စာမေးပွဲကို ဇန်နဝါရီလ ၅ ရက်နေ့က ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဒုတိယမြောက်နေ့အဖြင့် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 

အိမ်မဲမြို့နယ်တွင် အခြေခံပညာ အ.ထ.က(၁၀) ကျောင်း၊ အ.ထ.က(ခွဲ) (၁၅)ကျောင်း၊ အလယ်တန်း(၁၉)ကျောင်း၊ အ.လ.က(ခွဲ) (၂၉)ကျောင်း၊ မူလွန် (၁၉)ကျောင်း၊ မူလတန်း (၁၀၃)ကျောင်း၊ မူလတန်း(ခွဲ)(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (၄)ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း ၂၄၇၈၁ ဦးက ပထမနှစ်ဝက် စာမေးပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ကစတင်၍ တစ်ရက်လျှင် ဘာသာရပ်နှစ်ခုဖြင့် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

ချစ်သက်လယ်