ဖျာပုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသ

ဖျာပုံ  ဇန်နဝါရီ  ၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြ​သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြသရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်သိရှိနိုင်ရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး မိမိကစ၍ ကာကွယ်ပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာများ၊ ရောဂါပိုးဖြန့်ဝေသူမဖြစ်ဖို့ Mask တပ်ကြစို့ စသည့် အသိပညာပေး အကြောင်း အရာများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ကျန်းမာရေးစာအုပ်များ၊ သုတရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ စုံလင်စွာ ပြသထားရှိရာ စာဖတ်ပရိသတ်နှင့် ပြည်သူများ စိတ်ဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။


အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)