သီပေါမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုး ရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိ

သိပေါ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့ဟောင်းကျေးရွာတွင်  တောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် စားဖိုဆောင်အတွက် ဆောင်းသီးနှံများဖြစ်သည့် ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည့် နံနံ၊ မုန်ညှင်း၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ဖရုံ၊ ဘူး၊ ရုံးပတီစသည့် သီးနှံများအားစိုက်ပျိုးရောင်းချပြီး နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း၊ ဖောက်သည်ဈေး မုန်ညှင်းတစ်စည်းကို ငွေကျပ် ၅၀၀ နှုန်း၊ ဘူးသီးများ အရွယ်အစားအလိုက် တစ်လုံးလျှင် ငွေကျပ် ၄၀၀ မှစ၍ ၁၀၀၀ ကျပ်အထိ ရောင်းချရကြောင်း၊ နံနံပင်တစ်စည်း ၁၀၀ ကျပ် ရောင်းချရပြီး နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း မြို့ဟောင်းကျေးရွာနေ ဆောင်းသီးနှံများစိုက်ပျိုး ရောင်းချသည့် ဒေါ်နန်းရွှေဥက ပြောပြခဲ့သည်။

သီပေါမြို့နယ်အတွင်းရှိ တောင်သူများသည် ဆောင်းသီးနှံများကို အများအပြား စိုက်ပျိုးကြကြောင်း၊ ၎င်းသီးနှံပင်များကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဘခုအခါ ခူးဆွတ်ရောင်းချရပြီဖြစ်ကြောင်း၊  ဆောင်းသီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ စားသုံးကြသူများရှိသလို စီးပွားဖြစ်စိုက်ပျိုး ရောင်းချကြ သူများလည်းရှိကြောင်း သိရသည်။

ခင်လေး (သီပေါ၊ ပြန်/ဆက်)