မိုင်းယောင်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရာသီချိန်ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျား ကာလတွင် အဖွင့်စျေးကောင်းရသဖြင့် တောင်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် ခရမ်းချဉ်သီးများကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး ထွက်ပေါ်လာသည့် အချိန်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၃၅၀၀ အထိ ရောင်းရကြောင်း၊ ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၂၅၀၀ အထိ ရောင်းရကြောင်း ခရမ်းချဉ်သီး စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းမှာ ရာသီဥတု၊ မျိုးကောင်းမျိုးသန့် အပေါ် မူတည်ကြောင်း သိရသည်။