မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ (ပထမ)နှစ်ဝက် စာမေးပွဲ ဆက်လက်ဖြေဆို

မိုးနဲ   ဇန်နဝါရီ   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက် အဆင့် Grade-1 (သင်ရိုးသစ်) မှ Grade-11 (သင်ရိုးဟောင်း)အထိ (ပထမ)နှစ်ဝက်စာ‌မေးပွဲဖြေဆိုခြင်းကို ဇန်နဝါရီလ (၅ရက်မှ ၇ရက်)နေ့အထိ တစ်နေ့လျှင် (၂)ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅) မိနစ်စီဖြင့် သက်ဆိုင်ရာ ကျောင်းများအလိုက် ဖြေဆိုစစ်ဆေးလျက်ရှိရာ ယနေ့(တတိယနေ့) တွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း(၄၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း (၁)ကျောင်း စုစုပေါင်း (၄၇) ကျောင်း ဖွင့်လှစ်လျက်ရှိပြီး၊ အခြေခံပညာကျောင်းများတွင် ကျောင်းသူ/သား (၄၈၉၃)ဦးနှင့် ဘ/ကဘုန်းတော်ကြီးသင်ကျောင်းများတွင် ကျောင်းသူ/သား (၁၄၃)ဦး၊ စုစုပေါင်း ကျောင်းသူ/သား (၅၀၃၆)ဦး တက်ရောက်ဖြေဆိုကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ (ပထမ)နှစ်ဝက် စာမေးပွဲတွင် Grade-10 သင်ရိုးသစ် (၇) ဘာသာ၊ Grade-4 (၅) ဘာသာနှင့် ကျန်အတန်းများ (၆) ဘာသာဖြေဆိုရပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ