နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့

မိုးနဲ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် နမ့်စန်-မိုးနဲ-မိုင်းတုံ -မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း မူလအကျယ် ၁၂ ပေမှ ၁၈ ပေကတ္တရာလမ်းတိုးချဲ့ခြင်း လုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ထာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆) လပတ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၆၆ ဒသမ ၅ သန်းဖြင့် မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ၊ အရှည် ၅၄ ဒသမ ၆၅ ကီလိုမီတာမှ ၅၅ ဒသမ ၂၅ အထိ၊ ၀ ဒသမ ၆ ကီလိုမီတာကို ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရ သည်။

မျိုးညွန့်ရွှေ (မိုးနဲ)