ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဆင်ပေါင်ဝဲ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့်အတူ လင်းမြတ်မင်း ကုမ္ပဏီမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ()လဘတ်ဂျက်တွင် လင်းမြတ်မင်း ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်မည့် လက်ပန်ငူကျေးရွာအုပ်စု၊ မိုးနတ်ကုန်း ကျေးရွာမှ လက်ပန်-ကပစ ၁၃ လမ်း /၂မိုင်ဖောက်လုပ်မည့်လမ်းပိုင်းနှင့် မိုးနတ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး ရေစင်ဆောက်လုပ်ထားမှု အခြေအနေ၊ UNICEF မှ ထောက်ပံ့သည့် ပိုက်သွယ်တန်းမှု အခြေအနေနှင့် အိမ်တိုင်ရာ ရောက်ရေရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)