မိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြိုနယ်တွင် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းဦးဆောင်၍ ယမန်နေ့က (၆)မိုင်ကျေးရွာနှင့်(၈) မိုင်ကျေးရွာတို့တွင်အသိပညာပေးခြင်းနှင့်နှာခေါင်းစည် Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးခြင်းနှင့်နှာခေါင်းစည်Maskများဖြန့်ဝေပေးခြင်းသည် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ မိမိတို့ကိုယ် ကာကွယ်တက်စေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက် တက်သည့်အလေ့အထရှိစေရန်၊ နေအိမ်အပြင်သို့မဖြစ်မ နေသွာလာရပါက နှာခေါင်းစည် Mask တပ်ဆင်သွားလာစေရန် အသိပညာပေးပြီးနှာခေါင်းစည် Mask အခု (၅၀၀) ကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဝင်းဝင်းခိုင်