ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအဆက်မပြတ်စေရန်အတွက် တောင်ကြီးမြို့နယ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ ပြန်လည်ဖွင့်လှစ်

တောင်ကြီး  ဇန်နဝါရီ  ၇

ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို ယာယီပိတ်ထားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအဆက်မပြတ်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို ဇန်နဝါရီလ ၆ ရက်နေ့ကစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖွင့်လှစ်ရာ တောင်ကြီးမြို့နယ်အတွင်းရှိ ဆေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ပညာရေးဒီကရီကောလိပ်ရှိ ပညာသင်နှစ်အသီးသီးမှ အတန်းများကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌  တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။