ရေတာရှည် ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ခင်တန်းကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်း ကျေးရွာ၌ အရှည် ၁၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့်ထု ၉ လက်မရှိ ကျောက်ချောကုန် ထုတ်လမ်းအား ကျပ် ၃၃၀ သိန်းဖြင့်လည်းကောင်း ရဲကုန်းကျေးရွာအုပ်စု၊ အေးကြီး အထက်ရွာတွင် အရှည်တစ်မိုင် နှစ်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့်ထု ၂ ပေ ရှိ မြေသားကုန် ထုတ်လမ်းအား ကျပ် ၁၀၁ ဒသမ ၀၁ သန်းဖြင့်လည်းကောင်း ဆောင်ရွက်ပြီးစီးသွားခဲ့ပြီဖြစ် သည်။
အဆိုပါ ဆောင်ရွက်ပြီးစီးသည့် ကုန်ထုတ်လမ်းများနှင့် ရဲကုန်းကျေးရွာအုပ်စု၊ အေးကြီး အထက်ရွာ မြေသားကုန်ထုတ် လမ်းပေါ်တွင် ကျောက်ရောမြေ ၉ လက်မထု ထပ်မံ ဆောင်ရွက်ခြင်းနှင့် ရေထုတ်ပြွန် ၄ ခု တပ်ဆင်မည့် လုပ်ငန်းများအား တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ ရေတာရှည် မြို့နယ် ဦးစီးမှူး ဦးရန်နိုင်ညွှန့်နှင့် ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)