ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရွှေသောင်ယံ   ဇန်နဝါရီ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါသည် ကူးစက်မှုပိုမိုမြန်ဆန်သည့်အတွက် ကာကွယ်ရေးနည်းလမ်းများအတိုင်း စဉ်ဆက်မပြတ် လိုက်နာနေထိုင်ရန်    ဖျားနာပြီး သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး အကြောင်းကြားပြီး လိုအပ်သော ဆေးကုသမှု များကိုခံယူရန် စသည်ဖြင့်‌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုက်လံနှိုးဆော် ဆောင်ရွက်ပေးခဲ့သည်။

ဖျားနာပြီး သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးအကြောင်းကြားပြီး လိုအပ်သော ဆေးကုသမှုများကို ခံယူရန်စသည်ဖြင့်‌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် လိုက်လံနှိုးဆော် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ ကမ်းနားလမ်းမကြီးတစ်လျှောက်ရှိ လမ်းသွားလမ်းလာများကြား သိနိုင်ရန်အတွက် လမ်းမကြီးပေါ် တွင်လည်းကောင်း၊ ရပ်ကွက်များအတွင်း နေထိုင်ကြသော ပြည်သူများကြား သိနိုင်ရန်အတွက် ရပ်ကွက်လမ်းကြားများ၌လည်းကောင်း လိုက်လံနှိုးဆော်ပေးခဲ့ကြသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)