ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်"ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရှမ်းရွာသစ် ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ ခင်စောတင့်ရေးသားသော "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က လူငယ်များအနေဖြင့် စာဖတ်ခြင်းမှ ရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့် စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင်များက "ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်"စာအုပ်တွင်ပါရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အကျဉ်းချုပ် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့