ငရုတ်ကောင်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ စျေးဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ဖြစ်ပွားလာပါက အရေးပေါ် ငြိမ်းသတ်ရန် ပစ္စည်းများထားရှိမှုနှင့် မီးဘေးလုံခြုံမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်ရဲမြင့်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မြို့လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် စျေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ မိမိတို့ စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေပါက သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်အသစ်လဲလှယ် တပ်ဆင်အသုံးပြုရန်၊ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး အထူးဂရုစိုက်ကြရန်၊ စက်သုံးဆီ အရောင်းဆိုင်များ၏ ဆီသိုလောင်ထားရှိမှုပုံစံ အခြေအနေများတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)