သာပေါင်း ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သာပေါင်းမြို့နယ်အတွင်းရှိ ထောက်ပံ့ကြေး တစ်ကြိမ် တစ်ခါမှ မရရှိသေးသည့် ကျေးရွာအုပ်စု(၄၃)အုပ်စုမှ မသန်စွမ်း ထပ်တိုး(၃၆၃)ဦးတို့ကို တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ယဉ်ယဉ်မြင့်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
မျိုးဇော်သိန်း (သာပေါင်း၊ ပြန်/ဆက်)