သတင်းများ

ကျွန်းစုမြို့ Community centreခန်းမတွင်အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင်ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် အောင်ချမ်းသာကျေးရွာတွင် သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့ပြသ
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာတွင် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ၌ သွင်းအားစုသက်သာစေရန်နှင့် မြေဆီမြေဩဇာ ကောင်းမွန်စေရေးနှင့် ဓာတုဓာတ်ကြွင်းကင်းစေရန်အတွက် တောင်သူဦးရဲနိုင်ဝင်း၏ စိုက်ခင်း၌ ယနေ့ နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့ပြသပေးခဲ့ ကြောင်းသိရသည်။
ကြက်သွန်စိုက် တောင်သူများ ဈေးကောင်းရရန်မျှော်လင့်
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကန်ရေကျေးရွာမှ တောင်သူများ ကြက်သွန်များ စိုက်ပျိုး ထားကြသော်လည်း ပေါ်သည့်အချိန်တွင် ဈေးကောင်းရရန် မျှော်လင့် လျက်ရှိကြသည်။
မြဝတီမြို့တွင်  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။  
ကျွန်းလှမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ မြို့မစည်ပင်သာယာဈေးတွင် ယမန်နေ့ နံနက် ၁ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ သတ္တမအသုတ်၊ ပထမအကြိမ် အသက် ၁၈ နှစ်နှင့်အထက် ပြည့်ပြီး၊ပြည်သူ (၂၃၁) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jan 10,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယမန်နေ့က မြို့အုပ်ချုပ်ရေး မှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦး နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံ မြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက် ၁၈ နှစ်နှင့်အထက်ပြည့်ပြီး ပြည်သူ(၂၃၁)ဦး အား  သတ္တမအသုတ်၊ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန်အတွက် မြင်ကျတောင်မှပင်မရေစုကန်သို့ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့်ရေစုကန်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၆ လတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာ ရင်း(GRF)မှ မင်းလှမြို့နယ်တွင် သောက်သုံးရေဖူလုံ မှုရရှိစေရန် မြင်ကျ‌‌တောင်‌ရေပေးရေးစီမံကိန်းအား ခွင့်ပြုချထားပေးလျက် ရှိရာ ရေပိုက် လိုင်းသွယ် တန်းခြင်းနှင့်ရေစုကန်ပြုလုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့မှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။