မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန်အတွက် မြင်ကျတောင်မှပင်မရေစုကန်သို့ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့်ရေစုကန်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ        ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊  မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၆ လတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာ ရင်း(GRF)မှ မင်းလှမြို့နယ်တွင် သောက်သုံးရေဖူလုံ မှုရရှိစေရန် မြင်ကျ‌‌တောင်‌ရေပေးရေးစီမံကိန်းအား ခွင့်ပြုချထားပေးလျက် ရှိရာ ရေပိုက် လိုင်းသွယ် တန်းခြင်းနှင့်ရေစုကန်ပြုလုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့မှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်းသောက်သုံးရေဖူလုံမှုရှိ စေရန်အတွက် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွာ၊ ကျောက်မှော် ကျောင်းအနီး မြင်ကျတောင်မှ ပင်မရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ရန်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၆လတွင်  မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့အထွေထွေ ရန်ပုံငွေစာရင်း (GRF)မှ ခွင့်ပြုရန်ပုံငွေ ချထားပေးခြင်းဖြစ်ပြီး ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့်‌ ရေစုကန်‌ ဆောင်ရွက်နေမှုအား တာဝန်ရှိသူ များက   ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့်‌ရေစုကန်ပြုလုပ်ခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ရာ တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ် သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

 ဇာဇာ(အထက်မင်းလှ)