ကျွန်းလှ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ မြို့မစည်ပင်သာယာဈေးတွင် ယမန်နေ့ နံနက် ၁ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး သီဟမင်းခိုင်နှင့် ဝန်ထမ်းများက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်ခြင်း၊ ဖုံးအုပ်ငြိမ်းသတ်ခြင်းနှင့် မီးငြိမ်းသတ် ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်း လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဈေးသူ/ဈေးသားများ တက်ရောက်ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ