ကျွန်းစုမြို့ Community centreခန်းမတွင်အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင်ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူးက ကိုဗစ်-၁၉-ဗီဇပြောင်းရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အသိပညာပေးဟောပြောခြင်းနှင့် ကာယဉာဏစွမ်းရည် များ တိုးတက်၍ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် ဇွန်းကိုက် ရေသယ် ပြိုင်ပွဲ၊ ကြက်ခွပ်ပြိုင်ပွဲ၊ ဘိုးလှိမ့်ပြိုင်ပွဲနှင့် ခါးလှည့်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ ကာ ဆုရရှိသူများအား မြို့နယ် ပြန်/ဆက် ဦးစီးမှူးက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

စံပယ်ဖြူ