ကျိုက်ဒုံမြို့၌ သတ္တမအသုတ်၊ ပထမအကြိမ် အသက် ၁၈ နှစ်နှင့်အထက် ပြည့်ပြီး၊ပြည်သူ (၂၃၁) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျိုက်ဒုံ  ဇန်နဝါရီ   ၁၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယမန်နေ့က မြို့အုပ်ချုပ်ရေး မှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦး နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံ မြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက် ၁၈ နှစ်နှင့်အထက်ပြည့်ပြီး ပြည်သူ(၂၃၁)ဦးအား  သတ္တမအသုတ်၊ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျိုက်ဒုံမြို့ပေါ်နှင့်ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)