စဉ့်ကိုင်မြို့နယ်တွင်အသက်(၈၅)နှစ်အထက်သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jan 10,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။