(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင် (အထက်) ကျေးရွာတွင် လမ်းဖွင့်ပွဲကျင်းပ
Feb 01,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင် (အထက်)ကျေးရွာ၌ ယနေ့ နံနက် (၉:၃၀) နာရီ အချိန်က ကျေးရွာတွင်း ကျောက်ရောမြေခင်းလမ်းဖွင့်ပွဲကို ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ၊ တောင်ငူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။