မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မောင်းနှင်ထုတ်လုပ်ရေးဆိုင်ရာများ ကွင်းဆင်းကြည့်ရှု
Jan 16,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်တို့ လိုက်ပါကာ ယမန်နေ့ ညနေပိုင်းက မင်းဘူး(စကု) မြို့နယ် ဇီးအိုင်ကျေးရွာရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ စက်ရုံ၏ တည်ဆောက်ပြီးစီးမှု၊ မောင်း နှင်ထုတ်လုပ်ရေးဆိုင်ရာများ၊ ဓာတ်အား ပို့လွှတ်မှု အခြေအနေနှင့် အဆင့်(၂) (၄၀)မဂ္ဂါဝပ် ထုတ် လုပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။