ဟိုပန် ဇန်နဝါရီ ၁၆
"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့နိုင်ရေး MCCT အွန်လိုင်း သင်တန်းကို အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး ဦးဆောင်၍ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ သင်တန်းကို မှ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လတာ ကာလ ဘတ်ဂျတ်အတွက် MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ထောက်ပံ့ငွေပေးအပ်နိုင်ရေးအတွက် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် စာရင်းများ အသစ်သွင်းခြင်း၊ ယခင် အကျိုးခံစားခွင့်ရှိသူ စာရင်းဟောင်းများအား Update ပြုလုပ်ခြင်း စသည့် အချက်အလက်များကို မှန်မှန်ကန်ကန် စာရင်းပြုစုတတ်စေရန်တို့ကို ရည်ရွယ်၍ ဖွင့်လှစ် ပို့ချရခြင်းဖြစ်ကြောင်း ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြကေခိုင်ထံမှ သိရသည်။
အဆိုပါ သင်တန်းတွင် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ စာရင်းအသစ်ကောက်ယူနိုင်ရေး၊ စာရင်းအဟောင်းများအား Update ပြုလုပ်နိုင်ရေး အချက်အလက်များနှင့် ထောက်ပံ့ ငွေထုတ်ယူနိုင်မည့်နည်းလမ်းများကို ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ MCCT တာဝန်ခံ ဒေါ်နန်းဆိုင်အေးက ရှင်းလင်းသင်ကြားပို့ချခဲ့ပြီး ဟိုပန်မြို့နယ်၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျေးရွာ/ရပ်ကွက်စာရေးများ စုစုပေါင်း သင်တန်းသား(၄၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)