(၇)ကြိမ်မြောက်၊မြို့အထောက်အကူပြုကော်မတီမှ အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ထမင်းထုတ်များလှူဒါန်း

တာချီလိတ် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် အခြေခံလက်လုပ်လက်စားများနှင့် ခရိုင်ပြည်သူ့ဆေးရုံးမှ ကျန်းမာရေး ဝန်ထမ်းများအတွက် ထမင်းထုတ် ( ၁၀၀၀) နှင့် ပေါက်စီအလုံး (၃၈၀) လုံးကို မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ယနေ့နံနက် ၉ နာရီ အချိန်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ (၇) ကြိမ်မြောက် ဝေငှပေးခြင်းဖြစ်ကာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အလှူရှင်များမှ လှုဒါန်းပေးလျက်ရှိသည်။

ထမင်းထုတ်များကို တာချီလိတ် စစ်ဗျူဟာအဖွဲ့ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူကြီးမင်းမင်းထွန်း ဦးဆောင်သည့် တာချီလိတ်မြို့ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနေဦးပါဝင်သော အဖွဲဝင်များက စီစဉ်လှုဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ထမင်းထုတ် တစ်ထုတ်လျင် ထိုင်းဘတ်ငွေ (၂၀) တန်ဖိုးရှိ ထမင်းထုပ် စုစုပေါင်း (၁၀၀၀) ထုတ် အတွက် ထိုင်းဘတ်ငွေ (၂) သောင်း၊ မြန်မာကျပ်ငွေ (၁၀) သိန်းကျော်ကို အပတ်စဉ်လှုဒါန်းခဲ့ရာ ယနေ့အတွက် ရွှေဘူးသီးဟိုတယ်မှ ဦးဝီလ်ဆင်မိုးမိသားစုတို့က လှုဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။

ယာဆေး(ပြန်/ဆက်)