သတင်းများ

ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ ပြာသိုလပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ
Jan 17,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့် ဘုရားကြီး၌ ပြာသိုလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသဖြင့် မိသားစုအတွက် လုံခြုံစိတ်ချမှုရရှိခဲ့သော လယ်တောင်ယာကျေးရွာနေ နို့တိုက်ကလေးမိခင် ဒေါဖြိုးအိလှိုင်၏ ရင်တွင်းစကားသံ
Jan 17,2022
ကျမက မဖြိုးအိလှိုင်ပါ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာ အုပ်စု-လယ်တောင်ယာကျေးရွာမှာ မိသားစုနဲ့အတူနေပါတယ်။ကျမနဲ့အတူ ခင်ပွန်းနဲ့ သား လေးတစ်ဦးရယ် မိသားစုဝင်(၃)ဦးရှိပါတယ်။ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ အစက ကိုဗစ်-၁၉ ကာကွယ်ဆေးကို သိပ်မယုံကြည်ခဲ့ပါဘူး။ အရပ်ထဲမှာကအမျိုးမျိုးပြောနေကြတော့ ထိုးချင်စိတ် လဲမရှိခဲ့ဘူး။ စိတ်လဲမဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျမကကိုယ်ဝန်နဲ့ဆိုတော့ ကိုယ့်အလုပ်နဲ့ကိုယ်ပဲ့ ဥယျာဉ်ထဲမှာ အနေများခဲ့ပါတယ်။
ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
Jan 17,2022
ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၈ နာရီက ‌ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် လိပ်သို
Jan 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အိုမီခရွန်နှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အိုမီခရွန် အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်
Jan 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီ ၁၅ ရက် နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၃)လလျှင် တစ်ကြိမ်  ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ အဆိုပါပြိုင်ပွဲတွင် အထူးဆုရရှိသည့်  ကော့ကရိတ်ကိုယ်စားပြု ကျောင်းသားတစ်ဦးအား ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ် ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
(၁၀၃)ကြိမ်မြောက် စေတိယဂ်ဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ
Jan 16,2022
ဗုဒ္ဓမြတ်စွာ သာသနာတော်၏အရင်း မူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ် ပေါ်ပေါက်စေရန် စေတိယဂ်ဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ လျှောက်မေးပွဲကိုကျင်းပခြင်းနှင့် စာအောင် ဆုနှင်းသဘင်ကျင်းပ ပူဇော်ခြင်းအခမ်းအနားကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သော (၁၀၃)ကြိမ်မြောက် စေတိယဂ်ဏပရိပတ္တိဓမ္မာနုဂ္ဂဟစာလျှာက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်သံဃာတော်(၅)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ရွှေတိဂုံဘုရား ရင်ပြင်တော်ရာဟုတောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌  ပြာသိုလပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ
Jan 16,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည်ဘုရားကြီး၌ ပြာသိုလပြည့်နေ့တွင်နယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 16,2022
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။