ဝါးခယ်မမြို့လူထုအခြေပြုဗဟိုဌာန၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်းအသိပညာပေး Talk Show ဆောင်ရွက်

ဝါးခယ်မ  ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်းအသိပညာပေး (Talk  Show) ကို  ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ရီရီလွင်က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်း သိကောင်းစရာများ၊ အိုမီခရွန်ရောဂါ လက္ခဏာများ၊ ပြည်ပနိုင်ငံများနှင့် အိုမီခရွန်၊ အိုမီခရွန်၏ ထူးခြားသောအချက်များ၊ မိမိကိုယ်ကို ကာကွယ်ရမည့် အချက်များကို ဆွေးနွေးခဲ့ပြီး ရုပ်သံကျွမ်းကျင် (၃) ဒေါ်စောသန္တာဦးက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဝါးခယ်မမြို့ ပြည်သူ့စာကြည့်တိုက် Page တွင် စာအုပ်မိတ်ဆက်ခြင်း၊ က‌လေးများ အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် အခြားဗဟုသုတ ရဖွယ် အစီအစဉ်များကိုလည်း Online မှတဆင့် နေ့စဉ်လွှင့်တင်ပေး လျက်ရှိကြောင်း သိရသည်။

စောသန္တာဦး (ပြန်/ဆက်)