သတင်းများ

ကျောက်ဆည်မြို့နယ်အတွင်းရှိကျေးလက်လမ်းပေါ်တွင်တံတားတစ်စင်းဆောက်လုပ်ပေးသဖြင့် ဒေသထွက်ကုန်များ ရာသီမရွေး စရိတ်သက်သာစွာဖြင့်သယ်ယူနိုင်ပြီဖြစ်
Jan 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားများ ကောင်းမွန်စေပြီး ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ကျေးလက်လမ်းများပေါ်၌ လိုအပ်နေရာများ တွင် တံတားများဆောက်လုပ်ပေးလျက်ရှိရာ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ်တွင် ငါးမြွေကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာဆက် လမ်းပေါ်တွင် တံတားတစ်စင်းဆောက်လုပ်ပေးသဖြင့် ဒေသထွက်ကုန်များ ရာသီမရွေး စရိတ်သက်သာစွာဖြင့် သယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ကျင်းပ
Jan 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျင်းပသော အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
(၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့ တိုင်းဒေသကြီးကိုယ်စားပြု အလှပြယာဉ်များ ပြသနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 16,2022
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်(၃)စီး ပြသနိုင်ရေး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်သည် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၁၁)နာရီက အလှပြယာဉ်များ ပြုပြင်တည်ဆောက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် မြေအောက်ရေအသုံးပြု ဆေးရွက်ကြီးစိုက်ပျိုးမှု သုံးပုံတစ်ပုံထိ လျော့ကျလာ
Jan 16,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆေးရွက်ကြီးခေါ်ဗမာဆေးရွက်ကြီး စိုက်ပျိုးမှု သုံးပုံတစ်ပုံထိကျဆင်းလာပြီး အခြားသီးနှံစိုက်ပျိုးမှုများပြားလာကြောင်း သစ်ထောင့်မြောက် ကျေးရွာ တောင်သူ ဦးအေးထွန်းထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းရုံးတွင် ယာယီဆေးခန်းဖွင့်လှစ်၍ ဒေခံပြည်သူများအား သွားနှင့် ခံတွင်း အ‌ထွေထွေရောဂါ အခမဲ့ ကုသပေး
Jan 16,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် သွားနှင့် ခံတွင်းဆိုင်ရာ သွားဘက်ဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင် က ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ကာ မြို့နယ်အတွင်းရှိ သွားနှင့် ခံတွင်းရောဂါခံစားနေရသည့် ဒေသခံပြည်သူများကို အခမဲ့ ဆေးဝါးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
Jan 16,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို မချမ်းဘော့မြို့ဂူဘားရိပ်သာတွင် ယမနေ့နံနက် (၁၀)နာရီ၌ ကျင်းပခဲ့သည်။
တောင်သူများအတွက်မျိုးကောင်း မျိုးသန့်စိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးပေးနေသည့် ပေါက်အင်းစိုက်ကွင်း
Jan 16,2022
စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားဒေသများရှိ သီးနှံစိုက်ပျိုး လုပ်ကိုင်နေသည့် တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးကောင်း မျိုးသန့်၊ မျိုးစေ့များ ဖြန့်ဖြူးပေးနေသော ချောင်းဦးမြို့ရှိ ပေါက်အင်းစိုက်ကွင်းတွင် ယခုနှစ် ဆောင်းရာသီ သီးနှံမျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန် ဧက ၂၁၀၀ စိုက်ပျိုးအောင်မြင် နေကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Jan 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ပြုလုပ်သည်။