လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး

လိပ်သို  ဇန်နဝါရီ   ၂၀

ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊  ကိုယ်ပိုင်တီထွင်  တတ်သည့်  အတွေးအခေါ်များ  ရှိစေရန်၊  စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်  ရည်ရွယ်၍  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကလေးစာဖတ်ခန်းတွင်  ယမန်နေ့မွန်းလွဲ  () နာရီအချိန်က စွမ်းရည်ပြိုင်ပွဲများ  ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ  လုပ်ငန်းတွင်  မြို့ဦစီးမှူးနော်နီလာအေးက  ကလေးသူငယ်များအနေဖြင့်   စာဖတ်ခြင်းဖြင့်  အသိပညာ ဗဟုတတိုးပွား လာစေရန် ၊စာကြည့်တိုက်ကိုလာရောက် အသုံးပြုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယခုကဲ့သို့  ပြိုင်ပွဲများ  ပြုလုပ် ပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက်  ကိုဗစ်-၁၉ရောဂါ  စည်းကမ်းချက်များနှင့်အညီ  ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးပြီး  အမှတ်တရ လက်ဆောင်များပ ေးခဲ့ကြောင်း သိရသည်။

မြို့  (ပြန်/ဆက်)