ကြံခင်းမြို့ရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေး

ကြံခင်း       ဇန်နဝါရီ           ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ရဟန်း၊ သံဃာ၊ ပြည်သူများကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကြံခင်းမြို့ သာသနာ့ဗိမာန် ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာ၊ ပြည်သူ (၆၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံပေးရာ ဆေးထိုးစုရပ်သို့ လာသောပြည်သူများကို မှတ်ပုံတင်ကဒ်များဖြင့် စနစ်တစ်ကျ ထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့ကာကွယ်ဆေး ထိုးနှံပြီးသူများကို (၂၈)ရက်မြောက်နေ့တွင် (ဒုတိယ)အကြိမ် ထိုးနှံပေးသွားမှာဖြစ်ပြီး၊ ဇန်နဝါရီလ(၂၁)ရက်နေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ဌာနဆိုင်ရာ ကြီးကြပ်တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးနိုင်ရေးအတွက် စိစစ်ကြီးကြပ်ရေး တာဝန်ကျမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှုးနှင့် တာဝန်ရှိသူများပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေး အတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မိုးမိုး