တံတားဦး ဇန်နဝါရီ ၂၀
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ စေတနာရှင် လူမှုကူညီရေးအသင်းသို့ အလှူငွေများနှင့် အောက်ဆီဂျင်များ လှူဒါန်းကို ယနေ့နံနက်ပိုင်းက လူမှုကူညီရေးအသင်းရုံးသို့ အလှူရှင်များက အသီးသီးလာရောက် လှူဒါန်းကြကြောင်း သိရသည် ။
ထိုသို့ လှူဒါန်းရာမှာ ရန်ကုန်မြို့ ဦးအောင်ဇော် (ဇနီး) ဒေါ်ရီရီမြင့် မိသားစုတို့မှ အလှူငွေ (၂) သိန်းကျပ်၊ ရန်ကုန်မြို့ ဦးခင်မောင်ဦး မိသားစုမှ(၁)သိန်းကျပ်၊ တံတားဦးမြို့ တစီးရှင်ရပ် ဒေါ်မွှေးမွှေးလှိုင် (ပရိဘောဂ) မိသားစုမှ အလှူငွေ (၂)သိန်းကျပ်၊ တံတားဦးမြို့ စိတ္တရမဟီရပ် ဒေါ်ခင်သန်းနု (ကြယ်စင် -ကဖေး) မိသားစုမှ အလှူငွေ (၅) သောင်းကျပ်နှင့် အောက်ဆီဂျင် (၄၀) လီတာအိုး (၂) လုံး၊ မဖြိုး(စမိုင်း-မိတ်ကပ်၊ ဆံပင် အလှပြုပြင်ရေး) မှ အလှူငွေ (၃) သောင်းကျပ်၊ FLOW Meter (၂)စုံ၊ 94-Mask (၂၀) ထုပ် တို့ကိုအသီးသီးလာ ရောက်လှူဒါန်းကြရာ တံတားဦးမြို့ စေတနာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညွန့်သန်းနှင့် အသင်းတာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ကြောင်း သိရသည် ။
တံတားဦးမြို့ပေါ်ရပ်ကွက်များတွင် စေတနာရှင်လူမှုကူညီရေးအသင်း၊ အနှိုင်းမဲ့ပါရမီ လူမှုကူညီရေး အသင်းနှင့်ပုည ကမ္မလူမှုကူညီရေး အသင်းတို့မှ အချိန်မရွေး လာရောက်ကူညီပေးခြင်းဖြင့် ဤမြို့နယ် အနေဖြင့် အားထားရသော လူမှုရေးအသင်းများဖြစ်ပါကြောင်း၊ အောက်ဆီဂျင် လိုအပ်မှုမရှိရေးအတွက် မြို့ပေါ်ရှိ အသင်းမှ လိုက်လံကူညီဆောင် ရွက်ပေးနေကြောင်း စေတနာရှင် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား၍ သိရသည် ။
ရဲတင့်(တံတားဦး)