ဗန်းမော်မြို့၌ စာဖတ်ခြင်းဆိုင်ရာ Online မှ အသိပညာပေးဟောပြောပွဲကျင်းပ

ဗန်းမော်    ဇန်နဝါရီ    ၂၀

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကိုဗစ်ကာလဖြစ်သည့်အတွက် အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခန့်က စာဖတ်ခြင်း ဆိုင်ရာ Online မှ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Online ဟောပြောပွဲတွင် ဗန်းမော်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေမော်အောင်ကစာဖတ်ခြင်းကြောင့် ရရှိသောအကျိူး ကျေးဇူးများအကြောင်းကို စာတိုငညို (၀န်ဇင်း မင်းရာဇာ) အကြောင်းဖြင့် ပုံဥပမာပေး၍ အကျယ်တဝင့်ပြောကြားပြီး စာတတ်သူများစာဖတ် ကြရန် အသိပေးတိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ကိန်းဖြူ

(ခရိုင် ပြန်/ဆက်)