စဉ့်ကိုင်မြို့နယ် ပန်းခြံတောင်ဘက် အုတ်ရေမြောင်း ပြုပြင်ဆောက်ရွက်နေမှုအား စစ်ဆေး

စဉ့်ကိုင် ဇန်နဝါရီ   ၂၀

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၁ -၂၀၂၂ဘဏ္ဍာနှစ် ၊(၆)လ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် မြသီတာပန်းခြံ တောင်ဘက် အုတ်ရေမြောင်း ပြန်လည်ပြုပြင်နေမှုအား  ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ အဖွဲ့၀င်ဦးရွှေခိုင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလှ၀င်းနှင့် ၀န်ထမ်းများက အုတ်ရေ‌မြောင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေးတို့ကို စနစ်တကျ ဆောင်ရွက်သွားကြရန်၊ ပြုပြင်ရန်လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့်   (၆)လ   ဘတ်ဂျက်ငွေ (၉.၅၂၁)သန်း ခွင့်ပြုချထားပေး ခဲ့ပြီး  အုတ်ရေမြောင်းအရှည် (၃၈) ပေ၊ အမြင့်(၃)ပေ အကျယ်(၂)ပေခွဲဖြင့် ဆောက်လုပ်လျက်ရှိရာ  အဆိုပါအုတ်ရေမြောင်း ပြီးစီး သွားပါက မိုးတွင်းကာလ၌ ဖြစ်ပေါ်လျက်ရှိသော ရပ်ကွက်အတွင်း ရေလျှံမှုများ လျော့နည်းသွားမည်ဖြစ်ပြီး လမ်းပေါ်တွင် အမှိုက်များတင်ကျန်မှု မရှိတော့သည့်အတွက် မြို့သန့်ရှင်းသာယာလှပသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအဖွဲ့ထံက သိရ သည်။

၀င်း၀င်းသန်း (စဉ့်ကိုင်)