သတင်းများ

ကော့ကရိတ်မြို့၌ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 23,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မ ပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဂံမြို့တွင် မြေအောက်ရေအသုံးပြု ဖရဲသီးစမ်းသပ်စိုက်ပျိုးမှုများရှိလာ စိုက်ပျိုးသူတိုင်း အောင်မြင်ဖြစ်ထွန်း
Jan 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ ကျေးလက်တောင်သူများ မြေ အောက်ရေအသုံးပြုဖရဲသီးစမ်းသပ်စိုက်ပျိုးမှုများလာပြီး စိုက်ပျိုးသည့် ဖရဲခင်းများအောင် မြင်ဖြစ်ထွန်းကြကြောင်းလည်း ပုဂံမြို့ နတ်ကြို့အိုင်ကျေးရွာ ဖရဲစိုက်ပျိုးတောင်သူ ဦး အောင်ကျော်လင်းထံကသိရသည်။
တောင်တွင်းကြီးမြို့နယ် ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး
Jan 23,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ် ဦးစီးမှူး ဦး‌ကျော်ထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်‌ အောင်မြင်ဇေယျ‌ စေတီတော်မြတ်ကြီး ဓမ္မာရုံသို့ သွားရောက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
Jan 23,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးရွာအုပ်စု ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၁နေ့နံနက် ၉နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
Jan 23,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                           
ပျော်ဘွယ်မြို့နယ်တွင် ပန်းအလှပြင်နည်းသင်တန်းဖွင့်လှစ်
Jan 23,2022
စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ပန်းအလှပြင်နည်းသင်တန်းဖွင့်လှစ် ပို့ချခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင်ကျင်းပပြု လုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အမှတ်(၁၆)ရပ်ကွက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာ အဖွဲ့မှ လိုအပ်လျက်ရှိသော အိမ်ထောင်စုများ ဆန်များထောက်ပံ့ပေး
Jan 23,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program)၏ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်များအား အာဟာရ ထောက်ပံ့ခြင်းကို  ယနေ့ (၂၃ .၁.၂၀၂၂)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကိုကို တို့ဦးဆောင်သော အင်အား(၅၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများအား Sinovac ပထမအကြိမ် ထိုးနှံပေး
Jan 23,2022
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးရသေးသူ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Phase-6 ပထမ အသုတ်ကို ကာမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ယမန်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ ဆေးထိုးနှံ ပေးကြောင်း သိရသည်။