လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program)၏ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်များအား အာဟာရ ထောက်ပံ့ခြင်းကို ယနေ့ (၂၃.၁.၂၀၂၂)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကိုကို တို့ဦးဆောင်သော အင်အား(၅၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ထိုနောက် ဆန်ဖြန့်ဖြူးရေး အခြေစိုက်နေရာများဖြစ်သော သာစည်လမ်းရှိ အောင်သုခဓမ္မာရုံနှင့် ဦးပုညလမ်းပေါ်ရှိ အမှတ်(၁၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို အခြေပြုကာ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော မိသားစုများအား အိမ်ထောင်တစ်စုလျှင် အသားတင်အလေးချိန် (၅၀)ကီလို ဂရမ်ရှိ(၂.၄၅)ပြည့်ပါ ဆန်တစ်အိတ်၊ စုစုပေါင်းအိမ်ထောင်စု(၁၅၁၈)စု ဆန်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်းကို တာဝန်ရှိသူထံမှသိရသည်။
ပေးပို့သူအမည်-ဝေဝေ(ပြန်/ဆက်)