ကော့ကရိတ် ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မ ပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေကြရန်၊ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ တက်နိုင်သမျှအိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယ လက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန်စသည့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)