မြောင်းမြခရိုင်တွင် မြေငလျင်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲဆောင်ရွက်ရန် ဆွေးနွေးပွဲပြုလုပ်
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မီးသတ်ဦးစီးဌာန၊လူမှုအဖွဲ့အစည်းများနှင့်ပရဟိတအဖွဲ့များ ပူးပေါင်း၍ ယခုကာလအတွင်း ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကကြိုတင်ကာကွယ် မှုများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေး အန္တရာယ်ဖြစ်သည့် မြေငလျင် ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။