ပုဂံမြို့တွင် မြေအောက်ရေအသုံးပြု ဖရဲသီးစမ်းသပ်စိုက်ပျိုးမှုများရှိလာ စိုက်ပျိုးသူတိုင်း အောင်မြင်ဖြစ်ထွန်း

ပုဂံ ဇန်နဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ ကျေးလက်တောင်သူများ မြေ အောက်ရေအသုံးပြုဖရဲသီးစမ်းသပ်စိုက်ပျိုးမှုများလာပြီး စိုက်ပျိုးသည့် ဖရဲခင်းများအောင် မြင်ဖြစ်ထွန်းကြကြောင်းလည်း ပုဂံမြို့ နတ်ကြို့အိုင်ကျေးရွာ ဖရဲစိုက်ပျိုးတောင်သူ ဦး အောင်ကျော်လင်းထံကသိရသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့ ဖရဲစိုက်ပျိုးခြင်းများအား မြေအောက်ရေဖြစ်သည့် အဝီစိ တွင်းတူးဖော်ခြင်း၊စက်ရေတွင်းတူးဖော်ရေသွင်းခြင်းများဖြင့်စိုက်ပျိုးကြကြောင်း၊စတင် ပျိုးထောင်ချိန်ဖြစ်သည့် ဇန်နဝါရီလတွင် စိုက်ပျိုးလိုသည့် ဖရဲအမျိုးအစားပျိုးထုပ်များ အား ဝယ်ယူပြီး ဖရဲပျိုးစေ့အား တစ်ပေခန့်ပတ်လည်အနက်တူးပြီး ရေစိုအဝတ်စဖြင့် ဖရဲ ပျိုးစေ့ ၃၀စေ့ဆီခန့်ထည့်ပြီး မြေအောက်တွင်သုံးရက်ခန့်ထည့်ပြီး အပင်အညှောင့်ထွက် အောင်ပျိုးထောင်းရကြောင်း သုံးရက်ခန့်အကြာမြေအောက်ပျိုးထောင်အစေ့များဖော်ကာ တစ်အိတ်ချင်းစီ အပင်ပေါက်များကို အမြစ်ဘက်မှပျိုးထောင်အိတ်ထဲရွေ့ပြောင်းထပ်မံပျိုး ထောင်ရကြောင်း၊ ပျိုးအိတ်ထဲ ၁၅ရက်ခန့်ရှိလျှင် ဖရဲစိုက်ပျိုးမည့်စိုက်ခင်းသို့ရွေ့ပြောင်း စိုက်ပျိုးရကြောင်း ဖရဲစိုက်ပျိုးပညာရှင် ဦးတင်ထွန်းအောင်ကရှင်းပြသည်။

ဖရဲစိုက်ပျိုးမည့်အခင်းထဲတွင် မြောင်းဘောင်ပြုလုပ်ပြီး ပလတ်စတစ်အလျားအ ရှည်ဖြင့် မြောင်းဘောင်အတွင်းရေသိုလှောင်နိုင်ရန်ပြုလုပ်ရေသွင်းရကြောင်း၊ ဖရဲပင်များ ကို မြောင်းဘောင် ပေါ်တွင်ပလတ်စတစ်အိတ်ဖောက်ကာစိုက်ပျိုးကြကြောင်းလည်းသိရ သည်။ပလတ်စတစ်အိတ်ခင်းစိုက်ပျိုးခြင်းသည် ပေါင်းမြက်အပေါက်သက်သာစေပြီး ဖရဲ ပင်၊ဖရဲသီးများသည် ရေလိုအပ်ချက် ၇၅ရာခိုင်နှုန်းလိုအပ်ချက်ကြောင့် ရေအမြဲသွင်းစိုက် ပျိုးရသည့်သီးနှံဖြစ်ကြောင်းသိရသည်။ဖရဲမျိုး(ပျိုး)များဖြစ်သည့် ၈.၅.၅ မျိုး၊ ၅.၁.၁ မျိုး ၊ ၂.၅.၅ ဖရဲမျိုးနှင့် ၂.၁.၁ ဖရဲမျိုးများအား ကိုယ်ကြိုက်နှစ်သက်သည့် ဖရဲမျိုးများကိုစိုက်ပျိုး ကြပြီး ထွက်ရှိလာသည့် ဖရဲသီးများ ဈေးကွက်အခြေအနေပေါ်မူတည်ကာ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချခြင်းနှင့်ပြည်တွင်းဈေးကွက်မီခိုရောင်းချခြင်းများရှိကြောင်း၊ဖရဲစိုက်ပျိုး ပြီး အသီးဖမ်းချိန် မှန်ကန်ဖို့လိုကြောင်း ဈေးကွက်အသာရလိုပါက ဖရဲတပင် သုံးလုံးခန့် သာထားရကြောင်း အခြားအသီးများခူးဆွတ်ပေးမှသာ ရောင်းပန်းလှသည့်ဖရဲသီးများဖြစ် လာမည်ဖြစ်ကာ ဈေးကွက်တွင်လည်း ဖရဲသီးမျက်နှာပန်းလှမည်ဖြစ်ကြောင်း ဖရဲစိုက်ပျိုး ပညာရှင် ဦးတင်ထွန်းအောင်ကထပ်ဆင့်ရှင်းပြကာ ဖရဲသီးပေါ်ပြီးဆွတ်ခူးရောင်းချချိန် ဈေးနှုန်းကောင်းရရန်လည်း ဖရဲစိုက်ပျိုးတောင်သူများမျှော်လင့်နေကြကြောင်းသိရသည်။

ကိုထိန်၊KPD