တောင်တွင်းကြီးမြို့နယ် ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

တောင်တွင်းကြီး ဇန်နဝါရီ  ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ် ဦးစီးမှူး ဦး‌ကျော်ထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က  ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်‌ အောင်မြင်ဇေယျ‌ စေတီတော်မြတ်ကြီး ဓမ္မာရုံသို့ သွားရောက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးရာတွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးက မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ရွှေကြာအင်း(၁)ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက် ပြုလုပ်သည့် ဒေသခံပြည်သူ (၂၀၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ် ကိုင်ဆောင်ခွင့်ရရှိစေရေး အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန‌၊ တောင်တွင်းကြီးမြို့နယ်ရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဝန်ဆောင်မှုပေးခြင်းကို ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် နေ့စဉ် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင်ရွက် ပေးလျက် ရှိကြောင်းသိရကာ ကျန်ရှိသည့်ဒေသခံပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်တွင်းကြီး မြို့နယ် ဦးစီးမှူး ဦးကျော်ထူးထံမှသိရသည်။

မြို့နယ်