မိုင်းရယ်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Jan 23,2022
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ယနေ့ခေတ် လူငယ်များ စာပေနှင့်ရင်းနှီးစွာရှိစေရေး၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဖွံ့ဖြိုးတိုး တက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။