ပျော်ဘွယ်မြို့နယ်တွင် ပန်းအလှပြင်နည်းသင်တန်းဖွင့်လှစ်

ပျော်ဘွယ် ဇန်နဝါရီ ၂၃

စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ပန်းအလှပြင်နည်းသင်တန်းဖွင့်လှစ် ပို့ချခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင်ကျင်းပပြု လုပ်ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်တဲ့သင်တန်းကို ပြင်ပမှာလက်တွေ့ဆောင်ရွက်နေတဲ့ ပန်းအလှပြင်တဲ့ပညာရှင် တစ်ဦးက သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်၊ တက်ရောက်လာတဲ့ သင်တန်းသားတွေအနေနဲ့ ပန်းအလှပြင်နည်းကို တတ်မြောက်သွားမယ်ဆိုရင် စားဝတ်နေ‌ရေးကိုလည်းတစ်ဘက်တစ်လမ်းမှ အထောက်အကူပြုမယ်၊ အိမ်တွင်း အလှဆင်ခြင်းစတဲ့နည်းစနစ်အပိုင်း တွေကိုလည်းရရှိသွားမယ် လို့ ထင်ပါတယ်ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။

အဆိုပါ ပန်းအလှပြင်နည်းသင်တန်းတွင် အရောင်များကို လိုက်လျောညီထွေဖြစ်အောင် တွဲစပ်နည်း များ၊ လိုအပ်သည့်အတိုင်းအတာအမြင့် ထားသိုနည်းများဖြင့် တစ်ဘက်လှပန်းထိုးနည်း၊ အရိုး ပျောက်ပန်းထိုးနည်းနှင့် အဝိုင်းပုံအလှပန်းထိုးနည်းများကို သင်တန်းနည်းပြမှဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသားများအား လက်တွေ့လေ့ကျင့် ပြုလုပ်စေခဲ့ကြောင်း၊ ၎င်းသင်တန်းသို့ သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)