ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ လေးမျက်နှာမြို့နယ် ကျေးရွာမီးလင်းရေးလုပ်ငန်းနှင့် တာတမံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှု စစ်ဆေး

လေးမျက်နှာ ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချူပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လည် (၂:၀၀)နာရီ အချိန်၌ လေးမျက်နှာမြို့နယ် ထိန်ငူကျေးရွာအုပ်စု ဂွေးတောက်ကွင်းကျေးရွာတွင် ကျေးရွာတွင်းလျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အဆိုပါ ကျေးရွာတွင်း လျပ်စစ်မီးလင်ရေးလုပ်ငန်းမှာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်းနှင့် မီးလင်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေ့လည် (၃:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ငဝန်မြစ်ကမ်းတာတမံ ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာတမံ ဆောက်လုပ်နေမှု အခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပြီး လိုအပ်သည် များမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည်(၃:၁၀)မိနစ်အချိန်တွင် လေးမျက်နှာ-ပန်းတောကြီးလမ်းမှ ပုသိမ်-မုံရွာ ကားလမ်းမကြီးအတိုင်း ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)